တစ်နေ့တစ်နေ့ … ဒီလိုနဲ့
October 7, 2011
တစ်နေ့တစ်နေ့ ….ဒီလိုနဲ့
မျှော်လင့်ချက်မဲ့ပြီးသားဘ၀မှာ
အခန်းထောင့်တစ်နေရာက
တစ်ဝက်တစ်ပျက်စားလက်စညစာရယ်
ဘာမှပိုထူးမလာနိုင်တော့တဲ့
လက်ခံရမယ့်အမှန်တရားတစ်ခုရယ်နဲ့
ဘ၀ကို…
စက်ရုပ်တစ်ရုပ်လို
ရှင်သန်နေထိုင်ရင်း
နင်မလိုအပ်တဲ့
ငါ့ရဲ့တန်ဖိုးမဲ့ချစ်ခြင်းတွေကို
မြေမြှုတ်သဂြိုလ်မယ်ကြိုးစားလိုက်တိုင်း
ဝိုင်းတက်လာတတ်တဲ့မျက်ရည်တွေလဲ
လူမမြင်သူမသိစေဘဲ
တိတ်တိတ်လေးသာ
ကြွေပါစေတော့
နင်ပျော်နေတယ်ဆိုရင်ပဲ
ငါ့ရင်ထဲကဝေဒနာ
ဖြေသာမှာပါ …….။
Kyi Kyi Zin
September 30,2011
11:20p.m
ရူး​မိုက်သူ
May 13, 2011
အဆုံး​သ​တ်ြ​ပီး​သား​ဇာတ်လ​မ်း​တစ်ပုဒ်ကို
နိုင်ငံြ​ခား​ရုပ်ရှ​င်ေ​တွ​မှာ​လို
ေ​နာက္ဆက္တြဲမ်ား
ထပ္လာ​ေ​လ​ဦး​မ​လား​လို​႕
မျှော်​လ​င့်​ချ​င်ေ​သး​တာ
တ​က​ယ်ေ​တာ့​​ငါ​က
ညွိ​ယူ​လို​႕​မ​ရ​တဲ​႕ equation ေ​တြ​ကု​ိ
ြေ​ဖ​ရှ​င်းြ​က​ည့်​​တဲ့​​အခါ
ြေ​ဖ​ရန်ခက်တဲ​႕ေ​မး​ခြ​န​္းေ​တြ​ကု​ိ
အေ​ျ​ဖ​ရွာ​ၾ​က​ည့်​​တဲ့​​အခါ
“အချ​စ်=ရူး​မို​က်ြ​ခ​င်း” ဆို​တဲ့​မျှေြ​ခ​တစ်ခု​ရ​ယ်
ု​ငါဟာ “ရူး​မိုက်သူ” ဆို​တဲ့​​အေြ​ဖ​တစ်ခု​ရ​ယ်
ေ​အာ​င်ြ​မင်စွာ ရ​ရှိ​သွား​ခဲ့​​တ​ယ်။
written by kyi kyi zin
နင်မသိတဲ့ငါ
December 11, 2009
ဟိုအရင်ဘ၀က
သူများချစ်ခြင်းကိုခွဲခဲ့လို့များ
ဒီဘ၀မှာ ချစ်တဲ့သူနဲ့လွဲရတာလား
တကယ်တမ်းမှားခဲ့တာက
နင့်ကိုမှသွားချစ်မိတဲ့
ငါ့နှလုံးသားရဲ့အပြစ်သက်သက်ပါ
ဖွင့်ဟပြောပြခွင့်မရလိုက်တဲ့
ငါ့ရင်ထဲက သံယေိာဇဉ်တွေကလဲ
အစိတ်စိတ်အမွှာမွှာပြိုကွဲလို့
နောက်ဆုံးတော့
……… ………………..
(နင်နဲ့ငါ) သူငယ်ချင်းပဲပေါ့။
နင်…၀ဋ်လည်မယ်
November 4, 2009
“အကြောင်းမတိုက်ဆိုင်ဘူး” ရယ်လို့
အကြောင်းပြချက်လွယ်လွယ်ပေး
အချစ်ဆိုတာကို
နင်ဒီလို ပေါ့ပေါ့လေးသဘောထားလို့ရကြေးလား
ဒါဆိုရင်နင်လည်း
အရှက်မရှိဘဲ နောက်နောင်အသည်းကွဲတဲ့အခါ
သူရဲဘောကြောင်တဲ့နင့်အသည်းကို
ညညရဲဆေးတင်မူးအောင်သောက်
လူစိတ်ပျောက်မှ ရည်းစားဟောင်းဆီဖုန်းဆက်စကားပြော
ဒါဆိုရင်နင်ရှုပ်ခဲ့တာတွေပြီးရောလား
မသိသေးရင်တော့မှတ်ထားပေါ့
ငါသိသလောက်ပြောပြခဲ့မယ်
“၀ဋ်” ဆိုတာလည်တတ်တယ်။
princess of star war
November 4, 2009
princess of star war
Untitled
September 7, 2009
မှတ်မှတ်ရရ
အဲဒီနေ့ကပေါ့
ကိုယ့်ဒုက္ခကိုယ်ရှာမိတဲ့ငါ
အမှားတစ်ရန်မဟုတ်တဲ့
အမှန်တရားနဲ့ပက်ပင်းတိုးမိတဲ့အခါ
ယုံကြည်ချက်တွေပျောက်ဆုံး
မျှော်လငိ့ခြင်းတွေပျက်သုန်းသွားတာတောင်
ငါ့ရဲ့လက်သုံးစကားအတိုင်းပဲ
သြော်…ဒါမျိုးတွေလဲဖြစ်တတ်ပါတယ်ပေါ့။
သူလဲပဲဒီပုတ်ထဲကဒီပဲ ပဲမို့
ငမိုက်သား……ငါ့မှာသာ
ဘာမှမဖြစ်သယောင်ဟန်ဆောင်
သဏ္ဍာန်လုပ်သရုပ်တူအောင်
တပ်ဆင်လိုက်ရတဲ့မျက်နှာဖုံးအောက်က
စိတ်ရဲ့မျက်ဝန်းတံခါးမှာ
တွဲခိုလာတဲ့နာကျင်ကြေကွဲခြင်းတွေကို
သူမသိအောင်ဖုံးဖိသိုဝှက်ရင်း
ရှေ့ခရီးဆက်ဖို့အားတင်းတုန်းပေါ့။
နွံ
September 6, 2009
တစ်ပါးသူရဲ့စေစားမှုမပါဘဲ
ကိုယ်တိုင်လိုလိုချင်ချင်ပျိုးမိခဲ့တဲ့မီး
ရင်တစ်ခုလုံးကျွမ်းအောင်လောင်မြိုက်နေတာတောင်
အဲဒီအပူကိုစွဲလမ်းတုန်း။
တစ်ပါးသူရဲ့စေစားမှုမပါဘဲ
ငါကိုယ်တိုင်လိုလိုချင်ချင်အချည်ခံခဲ့တဲ့ကြိုး
ဖြည်မရအောင်တင်းကျပ်လာတာတောင်
အဲဒီကြိုးကိုတွယ်တာနေတုန်း။
တစ်ပါးသူရဲ့စေစားမှုမပါဘဲ
ကိုယ်တိုင်လိုလိုချင်ချင်မက်ခဲ့တဲ့အိပ်မက်
သန်းခေါင်ယံမှာအိပ်ပျက်ရတာတောင်
အဲဒီအိပ်မက်ကိုဆက်မက်ချင်တုန်း။
တစ်ပါးသူရဲ့စေစားမှုမပါဘဲ
ကိုယ်တိုင်လိုလိုချင်ချင်ကခဲ့တဲ့ဇာတ်လမ်း
ဇာတ်သိမ်းမလှတော့မှာကြိုသိနေတာတောင်
အဲဒီဇာတ်လမ်းကိုဆက်က ချင်တုန်း။
နောက်ဆုံး……
တစ်ပါးသူရဲ့စေစားမှုမပါဘဲ
ကိုယ်တိုင်လိုလိုချင်ချင်ရေးမိတဲ့ကဗျာ
ရင်မှာနာကျင်ခံစားနေရတာတောင်
ဒီကဗျာကို ဆက်ရေးမိတုန်းလေ။
!_!
Will it be rain
September 4, 2009
တကယ်မရွာဘဲနဲ့များ
ဘာဖြစ်လို့ခြိမ်းသံပေးရတာလဲမိုးရယ်
ငါ့ရဲ့နှလုံးသားရပ်ဝန်းမှာတော့
မိုးခေါင်နေတာကြာလှပေါ့။
အညိုရောင်တိမ်တွေနဲ့
ငြိမ်နေမယ့်အစား
အဖြူရောင်တိမ်တွေနဲ့ပဲ
အစားထိုးလိုက်ပါတော့လား။
ကမ်းလင့်မယ့်လက်များ
September 4, 2009
အဲဒီနေ့ကပေါ့
သူတို့ဆီကိုရောက်သွားတဲ့အခါ
ကလေးတစ်ယောက်ထွက်လို့ကြိုလာတယ်
အဲဒီနေ့ကပေါ့
ရိုးသားဖြူစင်တဲ့
မသိနားမလည်တဲ့
အရိုးခံမျက်ဝန်းလေးတွေကို
ခံစားမိလိုက်တယ်။
အဲဒီနေ့ကပေါ့
အကြင်နာလက်တစ်စုံနဲ့ကမ်းလင့်လိုက်တဲ့အခါ
နွေးထွေးဖေးမမှုကိုတောင့်တနေတဲ့
မျက်ဝန်းလေးတွေလင်းလက်သွားကြတယ်။
တကယ်တော့
အပြစ်မဲ့တဲ့ကလေးငယ်တွေ
HIV ရဲ့အနာဂတ်ကိုမသိ
ယုယမယ့်မိဘလည်းမရှိ
မိဘအမွေဆိုးကိုဆက်လက်ခံယူရင်း
ကြင်နာမယ့်လက်များကိုငံ့လင့်ရင်း
ဆက်လက်ရှင်သန်နေကြတုန်းလေ……………………။
HIV ကူးစက်ခံမိဘမဲ့ကလေးငယ်များသို့…………..အထူးတလည်ရည်ညွန်းပါသည်။
everlasting yearning
September 4, 2009
ကြာတော့လဲအဆင်ပြေသွားမှာပါတဲ့
အရှုံးဆန်တဲ့နှစ်သိမ့်စကားရယ်
ငါ့မှာတော့
အမှတ်တရအဟောင်းအနွမ်းတွေကို
နှစ်ရှည်ပင်တွေလို
တယုတယစိုက်ပျိုးလို့်ကောင်းတုန်း။
You’ll get over it later
You comfort me , i’m the loser
It’s just me , anybody else
I can’t stop
Nurturing the old remembrances
Like perennial plants.
Follow
Get every new post delivered to your Inbox.