တစ်ပါးသူရဲ့စေစားမှုမပါဘဲ
ကိုယ်တိုင်လိုလိုချင်ချင်ပျိုးမိခဲ့တဲ့မီး
ရင်တစ်ခုလုံးကျွမ်းအောင်လောင်မြိုက်နေတာတောင်
အဲဒီအပူကိုစွဲလမ်းတုန်း။
တစ်ပါးသူရဲ့စေစားမှုမပါဘဲ
ငါကိုယ်တိုင်လိုလိုချင်ချင်အချည်ခံခဲ့တဲ့ကြိုး
ဖြည်မရအောင်တင်းကျပ်လာတာတောင်
အဲဒီကြိုးကိုတွယ်တာနေတုန်း။
တစ်ပါးသူရဲ့စေစားမှုမပါဘဲ
ကိုယ်တိုင်လိုလိုချင်ချင်မက်ခဲ့တဲ့အိပ်မက်
သန်းခေါင်ယံမှာအိပ်ပျက်ရတာတောင်
အဲဒီအိပ်မက်ကိုဆက်မက်ချင်တုန်း။
တစ်ပါးသူရဲ့စေစားမှုမပါဘဲ
ကိုယ်တိုင်လိုလိုချင်ချင်ကခဲ့တဲ့ဇာတ်လမ်း
ဇာတ်သိမ်းမလှတော့မှာကြိုသိနေတာတောင်
အဲဒီဇာတ်လမ်းကိုဆက်က ချင်တုန်း။
နောက်ဆုံး……
တစ်ပါးသူရဲ့စေစားမှုမပါဘဲ
ကိုယ်တိုင်လိုလိုချင်ချင်ရေးမိတဲ့ကဗျာ
ရင်မှာနာကျင်ခံစားနေရတာတောင်
ဒီကဗျာကို ဆက်ရေးမိတုန်းလေ။
!_!
Advertisement
September 9, 2009 at 4:05 pm |
စေစားမှုမပါတဲ့ အက္ခရာတွေ ထုဆစ်နိုင်ပါစေဗျို့…..
September 27, 2009 at 11:06 am |
သယ်ရင်း
အရမ်းမိုက်တယ်။အါးပေးနေတယ်။
September 27, 2009 at 11:11 am |
သယ်ရင်းးးး
အရမ်းမိုက်တယ် …….
အါးပေးနေတယ် …………
October 4, 2009 at 12:33 am |
ဒီ ကဗျာလေး ကို ဖတ်ရတာကျွန်မရဲ့  နှလုံးခုန် သံတွေ ရပ် မတပ် ပါ ပဲ …..
တစ်ပါးသူရဲ့စေစားမှုမပါဘဲ
ကိုယ်တိုင်လိုလိုချင်ချင်ပျိုးမိခဲ့တဲ့မီး
ရင်တစ်ခုလုံးကျွမ်းအောင်လောင်မြိုက်နေတာတောင်
အဲဒီအပူကိုစွဲလမ်းတုန်း။
တစ်ပါးသူရဲ့စေစားမှုမပါဘဲ
ကိုယ်တိုင်လိုလိုချင်ချင်မက်ခဲ့တဲ့အိပ်မက်
သန်းခေါင်ယံမှာအိပ်ပျက်ရတာတောင်
အဲဒီအိပ်မက်ကိုဆက်မက်ချင်တုန်း။
တစ်ပါးသူရဲ့စေစားမှုမပါဘဲ
ကိုယ်တိုင်လိုလိုချင်ချင်ကခဲ့တဲ့ဇာတ်လမ်း
ဇာတ်သိမ်းမလှတော့မှာကြိုသိနေတာတောင်
အဲဒီဇာတ်လမ်းကိုဆက်က ချင်တုန်း။
အဲ ဒီ အပိုဒ်လေးတွေ က ကျွန်မ ရဲ့  အဖြစ်လေး နဲ့  တိုက်ဆိုင်နေ လို့  ပါ ပဲ……
အမကြည်ကြည်ဇင် ရဲ့ ဘလော့် လေး ပေါ်ကနေပဲ ကျွန် မအသဲ နင့် အောင် ချစ် ရ တဲ့ ချစ်သူ…..သူချစ်ရတဲ့ တခြား သူ……ရဲ့ ၇င်ခွင် မှာပျော်နေရင်ကို ပဲ ကျွန်မရဲ့အသစ်ဆက်ဆက် နှလုံးသား တစုံ ကို ရင်း ပြီး ချစ်သူ ချစ်ရတဲ့သူကို လိုက်ချစ်ရင်း ချစ်သူပျော်နေတာ ကို ကြည့် ပြီး ပျော် နေ ပါ့  မယ် လို့ !! ချစ်သူစိတ် ( ချမ်းမြေ့  ) မယ် ဆို၇င်ဖြင့် သွေးမျက်ရည်ကို အဖော်ပြူရင်း ဟန်လုပ်ပြီး ပြူံး နေပါ့ မယ် !!ချစ်သူထားတဲ့ နေရာကနေပြီး ချစ်သူ လိုအပ်သော အချိန်တွင်ဖြင့် အမြဲအသင့် ရှိနေပါ့ မယ် !!! ချစ်သူ၇င်ခွင် မောပန်းနေရင်ဖြင့် အပန်းပြေစေရန် ဖျော်ဖြေဖို့ ဒီရင်ခွင်တစုံ အသင့်ကြိုနေပါ့  မယ် ..လို့ …. ကျွန်မရဲ့ ချစ်သူ..ချစ်၇သော….မောင် ၁ယောက်…… သိနိုင်ပါစေကြောင်း …….
ဒီကဗျာလေးမှတဆင့်…..
ဒီပိုစ့်လေး မှတဆင့်…. ဖွင့် ဟလို့ပြောခဲ့ ပါ၇စေ…..
ဒီကဗျာလေး ရေး တဲ့ အမ ကိုလဲ ကျေးဇူးတင်ပါတယ် အမ..
အမလဲချစ်ရတဲ့ သူနဲ့ ဆုံဆည်းနိုင်ပါစေ …
အမြဲအားပေးနေပါမယ်။
ခင်တဲ့
ပုံပုံ
December 3, 2009 at 7:56 pm |
အစ်မရေ
ကျတော်အဖြစ်နဲ.လဲ တူနေတယ်။အစ်မရေးတာ အသက်ဝင်ပါပေတယ်………
ကျတော်ကတော. ရေးတော.ရေးတယ်…..သိပ်တော. မများသေးဘူး……ပြီးတော.
ကိုယ်ကိုထားခဲ.တဲ.ကောင်မလေးကို ကဗျာလေးဖတ်ပြိးတော. ပြန်တမ်းတ မိနေတယ်….
ခံစားမှုကို ကဗျာလေးနဲ. ပေါ်လွင်အောင် ဖော်ပြနိုင်တာဟာ အရည်အချင်း တစ်ရပ်ပါ။
ဆက်လက်ပြီးတော. အားပေးနေပါမယ်……….ခင်တဲ.မောင်လေး
……..စစ်မင်းသူ…………..
July 23, 2010 at 11:15 pm |
အစ်ကို…
ဒီကဗျာလေး ကိုလည်း ကြိုက်တယ်……
အစ်ကိုတို့ ဘုရားက အဲဒါကို ဟောထားတာ တစ်ခုရှိတယ်…..
ပါပသ္မိံ ရမတိ မနော…တဲ့…ဆိုလိုတာက လူတွေဟာ မကောင်းမှုမှာပဲ မွေ့လျှော်တယ်လို့ ဟောထားတာ…ဟဲဟဲ…ဗဟုသုတ တစ်ခုပေါ့ …..အဲဒီ အဓိပ္ပာယ်နဲ့ သွားတူနေတယ်……
April 23, 2011 at 1:28 pm |
အစ်မဒီကဗျာလေးလည်းကောင်းတယ်…
June 20, 2011 at 10:38 pm |
ကဗျာလေးကကောင်းတယ် ဒါပေမယ့် အဲလိုကြိုးတွေတော့ မလိုချင်ဘူးဗျာ